The Canon Women Photojournalist Grant & Short Film Documentary Grant

© Marion Péhée Winner of the 2025 Canon Female Photojournalist Grant
© Marion Péhée Winner of the 2025 Canon Female Photojournalist Grant

Visa pour l’Image ကနေကြီးမှုးပြီး Canon ကနေ ထောက်ပံ့ပေးမယ့် The Canon Female Photojournalist Grant နှင့် Canon Video Grant – Short Film Documentary grant တွေ လျောက်လွှာခေါ်နေတာ ရှိပါတယ်။ 

The Canon Female Photojournalist Grant အတွက်က လျောက်ထားသူဟာ အမျိုးသမီး ဓာတ်ပုံဆရာ ဖြစ်ရမှာ ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်ရမှာဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံ စတိုရီမှ ပုံ ၁၀ ပုံမှ ၂၀ ကြားကို တင်ပြလျောက်ထားနိုင်ပါတယ်။ လျောက်ထားသူများထဲကမှ ၁ ဦးကို ဆုပေးဖို့ ရွေးချယ်မှာဖြစ်ပြီး ဓာတ်ပုံဆက်ရိုက်ကူးနိုင်ရန် ထောက်ပံ့ငွေ ယူရို 8,000 ရရှိမှာပါ။ ရရှိတဲ့ ထောက်ပံ့ငွေနဲ့ ရိုက်ကူးထားတဲ့ စတိုရီကိုတော့ 2027 ခုနှစ် ပြင်သစ်နိုင်ငံ၊ ပါပီညွန်မြို့မှာ ပြုလုပ်မယ့် Visa pour l’Image ဓာတ်ပုံပွဲတော်မှာ ပြခန်းသီးသန့်နဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ဒီဆုအတွက် နောက်ဆုံး လျောက်ထားရမယ့်နေ့က ယခု မေလ ၁၉ ရက်နေ့ဖြစ်ပါတယ်။

လျောက်ထားရန် – The Canon Female Photojournalist Grant

Canon Video Grant – Short Film Documentary ထောက်ပံ့ကြေးဆု အတွက်ကတော့ အမျိုးသားကော၊ အမျိုးသမီးပါ မည်သူမဆို အခမဲ့ လျောက်လို့ရပါတယ်။ လျောက်ထားသူများထဲမှ ၁ ဦးကို ရွေးချယ်မှာ ဖြစ်ပြီး ထောက်ပံ့ကြေး အနေနဲ့ ယူရို 8,000 ဆုပေးမှာ ဖြစ်ပါတယ်။ Canon မှလည်း ဗီဒီယိုကင်မရာ ၁ လုံးနှင့် မှန်ဘီလူး ၂ လုံး ၁ နှစ်တာ ငှားပေးမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူဟာ ၁ နှစ်အတွင်း ၈ မိနစ်ထက် မကျော်တဲ့ မှတ်တမ်းရုပ်ရှင်တို တခု ရိုက်ကူးထုတ်လုပ်ရမှာဖြစ်ပြီး အဆိုပါ ရုပ်ရှင်တို ကို ပြင်သစ်နိုင်ငံ၊ ပါပီညွန်မြို့မှာ ပြုလုပ်မယ့် Visa pour l’Image ဓာတ်ပုံပွဲတော်မှာ ပြသမှာ ဖြစ်ပါတယ်။ ဒီဆုအတွက် နောက်ဆုံးလျောက်ထားရမယ့် ရက်က ယခု မေလ ၂၇ ရက်နေ့ဖြစ်ပါတယ်။ အသေးစိတ် စည်းကမ်းများကို အောက်က link ကနေဖတ်ရှုနိုင်ပါတယ်။ 

လျောက်ထားရန် – Canon Video Grant – Short Film Documentary grant

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply