Open Call : Sonntag Grant for Photography Book Publishing

The Sonntag Grant for Photography
The Sonntag Grant for Photography

Sonntag Grant ကနေ အမျိုးသမီး၊ ဒွိလိင်၊ အမျိုးသမီးဟုခံယူထားသူ စတဲ့ FLINTA (female, lesbian, inter, non-binary, trans, agender) ဓာတ်ပုံ အနုပညာသမားတွေအတွက် ဓာတ်ပုံစာအုပ်ထုတ်ပေးမယ့် Open Call လျောက်လွှာခါ်နေတာရှိပါတယ်။ အထူးသဖြင့် ဓာတ်ပုံစာအုပ်ရဲ့ အကန့်အသတ်တွေကို ဖောက်ထွက်ဖန်တီးမယ့်သူ၊ မထင်ရှား လူသိနည်းတဲ့ အတွေးအခေါ်ပိုင်း ဖန်တီးသူတွေ၊ အနုပညာဆိုင်ရာ အယူအဆ၊ ဖန်တီးမှုအသစ် လုပ်သူတွေကို ဦးစားပေးမယ်လို့ ဆိုပါတယ်။

ဒီဆုကို လျောက်ဖို့အတွက် ဓာတ်ပုံ ၁၅ ပုံကနေ ပုံ ၂၀ ထိ တင်ပြရမှာဖြစ်ပြီး လျောက်လွှာကြေး 10 ယူရို ပေးရမှာပါ။ ရွေးချယ်ခံရသူ ဓာတ်ပုံ ဆရာအနေနဲ့ ဘာလင် အခြေစိုက် Replika Publishing နဲ့ အတူတွဲပြီး ထုတ်ချင်တဲ့ပုံစံကို ဖန်တီးရမှာပါ။ အုပ်ရေ ၃၅၀ ထုတ်မှာဖြစ်ပြီး စာအုပ် ၅၀ က ဓာတ်ပုံဆရာကို ပေးမယ်လို့ဆိုပါတယ်။ အသေးစိတ်ကို အောက်ပါ link ကနေဖတ်ရှုနိုင်ပါတယ်။ လျောက်လွှာပိတ်မယ့်ရက်က မေလ ၃၁ ရက်နေ့ဖြစ်ပါတယ်။

လျောက်ထားရန် – Sonntag Grant for Photography

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply