Pride Photo ကနေ 2027 အတွက် Pride Photo 2027 ဓာတ်ပုံပြိုင်ပွဲခေါ်နေတာရှိပါတယ်။ ဒီပြိုင်ပွဲကို မည်သူမဆို အခမဲ့ ဝင်ရောက် ယှဥ်ပြိုင်လို့ရပြီး ဓာတ်ပုံတွေက LGBTQIA+ ဇာတ်ကြောင်းတွေကို ဖော်ပြပေးမယ့်ပုံမျိုးတွေ ဖြစ်ရမှာပါ။ Cateogry အနေနနဲ့ story နဲ့ single ဆိုပြီးရှိပြီး စတိုရီ ပြိုင်ဖို့အတွက် ၃ ပုံကနေ ၁၅ ပုံအထိ တင်ရမှာပါ၊ single တပုံခြင်းအတွက်ကတော့ ဓာတ်ပုံသမားတဦးကို ၅ ပုံအထိ ပေးပို့နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဆုအနေနဲ့ အရွေးခံရတဲ့ story, single ပုံတိုင်းအတွက် €500 ဆီ ဆုပေးမှာပါ။ ဆုအရေအတွက် များတာမို့ အခွင့်အရေးလဲများပါတယ်။
ဆုရပုံတွေကို ၂၀၂၇ တနှစ်တာအတွင်း ဓာတ်ပုံပြပွဲတွေ ကျင်းပပြီး ကမ္ဘာအနှံ့က ပွဲတွေမှာ ပါဝင်ပြသသွားမယ်လို့ဆိုပါတယ်၊ ဒါ့အပြင် Pride Photo website မှာလဲ credit ပေးပြီး ဆုရပုံတွေကို ပြသွားမယ်လို့ဆိုပါတယ်။ ဒီပြိုင်ပွဲ နောက်ဆုံးဖောင်ပိတ်ရက်ကတော့ အောက်တိုဘာလ ၃၁ ရက်နေ့ ဖြစ်ပါတယ်။
ပြိုင်ပွဲလျောက်ထားရန် – Pride Photo 2027

