အသက် ၂၄ နှစ် နှင့်အောက် သို့ အချိန်ပြည့် ဓာတ်ပုံနှင့်ဆိုင်သော ကျောင်း၊ တက္ကသိုလ်တက်ရောက်နေသူ သတင်းဓာတ်ပုံ ရိုက်ကူးသူလူငယ်များအတွက် The Ian Parry Photojournalism Grant ခေါ်နေတာ ရှိပါတယ်။ ဒီဆုလျောက်ဖို့ ပရောဂျက် စီစဉ်ထားတဲ့အကြောင်းစာရေးပြရမှာဖြစ်ပြီး portfolio 12 ပုံ တင်ရမှာပါ။ တကယ်လို ဆု အတွက်အရွေးခံရရင် ပရောဂျက်လုပ်ဖို့ £10,000 အပြင် ပရောဂျက်အတွက် လိုအပ်မယ့် ကင်မရာတွေ ငှားပေးတာ၊ သတင်းစာတွေကနေ အဆိုင်းမန့်ချပေးတာ၊ ပြပွဲတွေလုပ်ပေးတာ တွေပါရမှာဖြစ်ပါတယ်။ Deadline က သြဂတ်လ 31 ရက်နေ့ပါ။ ဒီဆုက industry ထဲမှာ ဂုဏ်သိက္ခာ ကြီးမားတဲ့ ဆုတဆုဖြစ်ပြီး အရင်က မြန်မာနိုင်ငံက ဓာတ်ပုံဆရာ ၁ ဦး ရရှိဖူးပါတယ်။
အီယန် (Ian Parry) ဟာ မြောက်ဝေလပြည်နယ်ဖွား ဓာတ်ပုံ သတင်းထောက်တဦးဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ရိုမေးနီးယားနိုင်ငံက တော်လှန်ရေးကို The Sunday Times မဂ္ဂဇင်းအတွက် ရိုက်ကူးသတင်းရယူပြီး အပြန်မှာ သူစီးလာတဲ့ ခရီးသည်တင် လေယာဥ်ပစ်အချခံရပြီး ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၂၄ နှစ်သာရှိသေးတာမို့ သူ့ အထိမ်းအမှတ် ထောက်ပံ့ကြေးငွေပေးအပ်တဲ့ အစီအစဥ်မှာ ၂၄ နှစ်နှင့် အောက် လူငယ်တွေကို အဓိကထားခေါ်ယူတာဖြစ်ပါတယ်။
အကယ်၍ အရွေးချယ်ခံခဲ့ရရင်
- ပေါင် ၁ သောင်း
- Canon ကင်မရာပစ္စည်းများ အခမဲ့ ၁ နှစ်ငှားပေးခြင်း
- Humburg Portfolio Review အတွက်ပါ စီစဥ်ပေးခြင်း
- Legacy of War foundation မှတည်ထောင်သူ ဓာတ်ပုံဆရာ Giles Duley မှ ၁ နှစ်တာ သင်ကြားပေးတာ (mentorship)
- လျောက်ထားသူတွေထဲက ၁ ယောက်ကို UK မှာ ၄ ရက်တာလုပ်မယ့် hostile environment and first aid training စားရိတ်ငြိမ်းတက်ခွင့်နှင့် ကျည်ကာ၊ ဦးထုပ်များ အခမဲ့ထောက်ပံ့ပေးခြင်း
- လျောက်ထားသူ finalists ထဲမှ တချို့ကို Save the Children မှ ဓာတ်ပုံရိုက်ကူးဖို့အတွက် ပညာရှင်ကြေးပေးငှားရမ်း တာတွေပါဝင်မှာပါ။
လျောက်မယ်ဆို အခမဲ့လျောက်လို့ရပြီး သြဂတ်လ ၃၁ ရက်နေ့ ဖောင်ပိတ်မှာပါ။
လျောက်ထားရန် – https://www.ianparry.org

