Open Call : The Stanley Greene Foundation Emerging Photographers Grant

Open Call : The Stanley Greene Foundation Emerging Photographers Grant
Stanley Greene, Grozny, April 2001

ဂန္တဝင် ဓာတ်ပုံဆရာ Stanley Greene ကွယ်လွန်ပြီးနောက်မှာ သူ့ အမှတ်တရပေးအပ်တဲ့ The Stanley Greene Foundation Emerging Photographers Grant က ဒီနှစ်အတွက် လျောက်လွှာခေါ်နေပါတယ်။ ဒီထောက်ပံ့ကြေးက နှစ်တိုင်းလုပ်တာမျိုးမဟုတ်ပါဘူး၊ ၂ နှစ်မှ တခါသာလုပ်တာပါ၊ ဒါကြောင့် ကြုံရခဲသလို ဆုရရင်လဲ ဂုဏ်ယူစရာ ဆုတခုပါ။ လျောက်ထားသူများထဲက finalists စကာတင်ရွေးပြီးနောက်၊ ၁ ဦးထဲကိုသာ ဆုပေးမှာပါ။ ပရောဂျက်ဆက်ရိုက်ဖို့အတွက် ထောက်ပံ့ကြေးငွေ $10,000 ရမှာ ဖြစ်ပါတယ်။

ဒီ ထောက်ပံ့ကြေးကို သတင်းဓာတ်ပုံ၊ မှတ်တမ်းဓာတ်ပုံအမျိုးအစားရိုက်ကူးနေသူ မည်သူမဆို အခမဲ့ လျောက်လို့ရပြီး၊​ လျောက်ထားသူဟာ အသက် ၁၈ အထက်ဖြစ်ရပါမယ်။ ၁ ဦးလျင် ပရောဂျက်တခုသာ လျောက်လို့ရမှာဖြစ်ပြီး၊ ရိုက်လက်စပရောဂျက် သို့ မရိုက်ရသေးသော ပရောဂျက်ကို အရင် portfolio ပုံများဖြင့်လျောက်လို့ရပါတယ်။ ရိုက်မည့် ပရောဂျက် အကြောင်း၊ ရိုက်မည့်အစီအစဥ် နှင့် ဓာတ်ပုံ ၂၅ ပုံ ထက်မကျော်တဲ့ ရိုက်လက်စ သို့ ရိုက်ဖူးတဲ့ ဇာတ်လမ်း ပြပြီးလျောက်ထားရမှာပါ။ AI သုံးထားသော ပုံများ လက်မခံလို့​ရေးထားပါတယ်။ ဖောင်ပိတ်ရက်က 2nd July ဖြစ်ပါတယ်။

လျောက်ထားရန် – The Stanley Greene Foundation Emerging Photographers Grant

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply