စင်ကာပူနိုင်ငံက Objectifs စင်တာကနေ Objectifs Photo Fellowship 2026 အတွက် လျောက်လွှာစခေါ်နေပါပြီ။ စိတ်ပါဝင်စားရင် မြန်မာနိုင်ငံက ဓါတ်ပုံဆရာတွေနဲ့ visual artist တွေ ဆက်ဆက် လျှောက်ကြဖို့ အရမ်း၊ အရမ်းကိုမှ တိုက်တွန်းအားပေးချင်ပါတယ်။ Mentor နှစ်ယောက်မှာ တစ်ယောက်က ကျွန်မ အလွန် ချစ်ခင်လေးစားရတဲ့ ဆရာမပါ (သူ့ကို မချစ်ခင် မလေးစားတဲ့သူ ရှိလားလို့ ပြောရလောက်အောင်ကို လူတိုင်းကြားမှာ မှတ်ချက်ပြုခံရသူမျိုးပါ။) နောက် mentor တစ်ယောက်ကလည်း လေးစားရတဲ့ အထင်ကရ artist တစ်ယောက်ပါဘဲ။ အစီအစဉ်ကို စီစဉ်တဲ့ အဖွဲ့ Objectifs က အရှေ့တောင်အာရှ ဒေသတွင်းက လူငယ် ဓါတ်ပုံဆရာတွေ၊ visual artist တွေ၊ filmmaker တွေအတွက် အထောက်အကူပြု အစီအစဉ်ပေါင်းများစွာကို စီစဉ်လုပ်ဆောင်နေတဲ့ အဖွဲ့ပါ။
– ကိုယ့်ရဲ့ personal project ကို ၆ လကြာ mentor လုပ်ပေးပြီး ထုတ်လုပ်သွားရမှာပါ။
– ရိုက်လက်စ သို့မဟုတ် အသစ် လက်ရာတစ်ခုနဲ့ လျှောက်ရမှာပါ။
– professional အတွေ့ကြုံ အနည်းဆုံး ၃ နှစ်ရှိရင် လျှောက်လို့ရပါတယ်။
– အတန်းချိန်တွေ အကုန် မှန်မှန်တက်ရမှာ ဖြစ်ပြီး အချင်းချင်းနဲ့ mentor တွေနဲ့ အပြန်အလှန် ဝေဖန်၊ ဆွေးနွေးချိန်တွေနဲ့ ဆက်စပ် professioanl development ဆိုင်ရာ seminor တွေလည်း ရှိမှာ ဖြစ်ပါတယ်။
– စင်ကာပူဒေါ်လာ 2000 stipend ပေးမှာပါ။
– Fellowship ကာလတွင်း ရိုက်ကူးထားတဲ့ ပရောဂျက်ကို ၂၀၂၇ ဧပြီမှာ ပြုလုပ်မယ့် Singapore Documentary Festival မှာ slideshow projection ပြသသွားမှာပါ။
– slideshow projection ပြသမယ့်ပွဲအခမ်းအနားနဲ့ photo intensive အစီအစဉ်တက်ဖို့ စင်ကာပူသွားဖို့ ခရီးစရိတ်နဲ့ နေစရာတွေလည်း ပံ့ပို့ပေးသွားမှာပါ။
အရှေ့တောင်အာရှဒေသကနေ ၆ ယောက် ရွေးချယ်သွားမှာပါ။ နောက်ဆုံး လျှောက်ထားရမယ့် ရက်က 27 July 2026 ပါ။ လျှောက်ကြပါ။ သိချင်တာရှိလည်း မေးလို့ရပါတယ်။
လျောက်ထားရန် – Objectifs Photo Fellowship 2026

