The VII Foundation ကနေ စီစဥ်တဲ့ Visual Journalism Program course for Myanmar သင်တန်းအတွက် လျောက်လွှာတွေစခေါ်နေပါပြီ။ ဒီသင်တန်းက အခမဲ့ ဖြစ်ပြီး မြန်မာ သတင်းဓာတ်ပုံသမား၊ သတင်းသမားတွေ၊ ဗီဒီယို သတင်းထောက်တွေအတွက် သီးသန့် စီစဥ်ပေးတာဖြစ်ပါတယ်။ သင်တန်းက အွန်လိုင်းနဲ့ ၁၀ ပတ်ကြာအရင်စသင်မှာ ဖြစ်ပြီး၊ နောက်ထက် ၁ ပတ်ကြာကိုတော့ ချင်းမိုင်မှာ လူကိုယ်တိုင် တက်ရမှာပါ။ သင်ပေးမှာကတော့ နာမည်ကျော် ဓာတ်ပုံဆရာများ၊ စာရေးဆရာများ နှင့် အယ်ဒီတာများဖြစ်ပါတယ်။
အွန်လိုင်း အတန်းချိန်တွေကိုတော့ The VII Foundation က ဓာတ်ပုံဆရာ Maciek Nabrdalik က ဦးဆောင်ပြီး အပတ်စဥ် သင်ပေးတာ၊ assignment ထွက်ရိုက်ရတာတွေလုပ်ရမှာ ဖြစ်ပြီး၊ နိုင်ဝင်ဘာလ လူကိုယ်တိုင်တက်ရမယ့် အတန်းချိန်တွေမှာကတော့ နာမည်ကျော် ဓာတ်ပုံသတင်းထောက်ဆရာကြီး James Nachtwey, ဗီယက်နမ်စစ်ပြန် သတင်းစာဆရာ၊ AP ဘန်ကောက်ဌာနမှုးဟောင်း Denis Gray နှင့် မြန်မာ့အရေး စာအုပ်များစွာရေးခဲ့သူ Bertil Lintner, The VII Foundation တည်ထောင်သူ ဓာတ်ပုံဆရာ Gary Knight တို့သင်ပေးမှာပါ။ နောက် AFP သတင်းဌာနမှ ပညာရှင်များကလဲ digital verification, fact-checking, and social media စတာတွေသင်ပေးမှာပါ။ သင်တန်းမှာ သင်ပေးမှာတွေကတော့
- Respond to a story brief professionally and creatively
- See the visual potential in the ideas and situations you research
- Verify the information in your reports
- Get access and permission to photograph people in difficult settings, with the ethical judgment that requires
- Make picture stories or series
- Produce short videos for clients
- Edit your own material
- Work to a deadline
- Keep yourself safe in dangerous conditions
- Present yourself and your work to an editor
ဒီလို ဂန္တဝင် ဆရာကြီးတွေ သင်ပေးမှာ ကြုံရခဲပြီး အခမဲ့ တက်ခွင့်ရဖို့၊ မြန်မာ သတင်းထောက်တွေအတွက် သီးသန့်စီစဥ်ပေးတာမျိုးက ကြုံဖို့မလွယ်လို့ သတင်းဓာတ်ပုံ၊ မှတ်တမ်း ဓာတ်ပုံစိတ်ဝင်စားသူများကို လျောက်ဖို့ အားပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Gary Knight, Denis Gray, Bertil Lintner တို့ဆီကနေ ၂၀၁၃ မှာ သင်ကြားလေ့လာခွင့်ရခဲ့လို့ ဒီပညာရပ်ရဲ့ အနှစ်သာရတွေ ပိုသိခွင့်ရခဲ့တာပါ။ လျောက်ထားမယ်ဆို ကိုယ်ရေးအကျဥ်း၊ အချက်အလက်နှင့် portfolio ၁၀ ပုံမှ ၃၀ ကြားတင်ပြီးလျောက်ရမှာပါ။ အရွေးချယ်ခံရမှ တက်ခွင့်ရမှာမို့ portfolio အသေအချာပြင်ဆင်သင့်ပါတယ်။ ဖောင်ပိတ်ရက်က 18 July 2026 ပါ။
📝 လျောက်ထားရန် – Visual Journalism Program course for Myanmar
