Open Call : Hamburg Portfolio Review 2026

Photo by Alessandro Cinque | HPR Participant
Photo by Alessandro Cinque | HPR Participant

Hamburg Portfolio Review (HPR) ကနေ 2026 အတွက် review လုပ်ပေးဖို့ လျောက်လွှာခေါ်နေပါပြီ။ ဒီ portfolio review က အခမဲ့ဖြစ်ပြီး အွန်လိုင်းကနေ တက်ရတာပါ။ Fine art, documentary, photojournalism ဓာတ်ပုံ စီးရီးတွေရိုက်ကူးနေသူ ဓာတ်ပုံသမားများအတွက် ဖြစ်ပါတယ်။ အသက် ၁၈ အထက်ဖြစ်ရင်လျောက်လို့ရပါပြီ အခြားအကန့်အသတ်မရှိပါ။ ဓာတ်ပုံ ၁၀ ပုံကနေ ပုံ ၂၀ တင်ပြပြီးလျောက်ရမှာပါ။ ပရောဂျက် ၁ ခု သို့ ၂ ခု စာက ပုံတွေဖြစ်ရပါမယ်။ တကယ်လို့ အရွှေးခံရရင် သူ့ website မှာ ပြထားတဲ့ reviewer ဓာတ်ပုံဆရာ/မ၊ အယ်ဒီတာတွေ အယောက် ၅၀ ထဲက ၄ ယောက် နဲ့ အွန်လိုင်းပေါ်ကနေ review အခမဲ့လုပ်ခွင့်ရမှာပါ။ Deadline က June 1 ရက်နေ့ပါ။ 

ဒီ portfolio review က နာမည်ကြီးသလို နှစ်စဉ် အယောက် ထောင်ချီလျောက်ကြတဲ့ထဲကမှ အယောက် ၁၀၀ ပဲ ရွေးမှာဖြစ်ပါတယ်။ Reviewers တွေက ဒီလောကထဲက နာမည်ရှိ မဂ္ဂဇင်း၊ စာနယ်ဇင်း၊ ပြခန်း၊ ပြတိုက်တွေက အယ်ဒီတာ၊ ဓာတ်ပုံဆရာ၊ curator တွေဖြစ်ပါတယ်။ ဆုံရဖို့ခဲသလို တကယ်လို့ အရွေးခံရရင် နိုင်ငံတကာ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်ပရောဂျက်တွေ ပုံနှိပ်ခံရဖို့၊ ပြတိုက်တွေမှာ ပြခံရဖို့ အခွင့်အရေးတွေရှိပါတယ်။ အချိန်ရရင် မလျောက်ခင် reviewers တွေရဲ့ profile တွေနဲ့ အရင်နှစ်တွေက အရွေးခံရသူတွေရဲ့ projects တွေ ဝင်ကြည့်ဖို့အကြံပေးပါတယ်။

လျောက်ထားရန် – Hamburg Portfolio Review (HPR)

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply