အီတလီနိုင်ငံက Deloitte Foundation ကနေ ပြုလုပ်တဲ့ Deloitte’s Photo Grant 2026 အတွက် လျောက်လွှာနဲ့ ဓာတ်ပုံ ပရောဂျက်တွေခေါ်နေပါပြီ။ ဒီနှစ်အတွက် လျောက်ရမယ့် ပရောဂျက်တွေ အတွက် theme က ‘Proximities’ လို့ရွေးထားပါတယ်။ ဒီ theme ပေါ်မှာ အခြေခံထားတဲ့ ပရောဂျက်တွေ ရှိရင်မည်သူမဆို အခမဲ့လျောက်လို့ရပြီး အရွေးခံရတဲ့ ပရောဂျက်ကို €25,000 ထောက့်ပံ့မှာ ဖြစ်ပါတယ်။ ရိုက်ကူးပြီး ရလာတဲ့ ပရောဂျက်က ပုံတွေကိုတော့ အီတလီနိုင်ငံမှာ နောက်နှစ်ဆုပေးပွဲ အချိန်မှာ ပြပွဲ စီစဥ်ပြသပေးမှာလို့ဆိုပါတယ်။
ဒီ ဆုလျောက်ဖို့အတွက် မည်သူမဆို အခမဲ့ လျောက်ထားနိုင်ပြီး၊ လျောက်ထားသူဟာ အသက် ၃၅ နှစ်အောက်ဖြစ်ရမယ်လို့ဆိုပါတယ်။ လျောက်ထားတဲ့ အခါ ဓာတ်ပုံ ၁၀ ပုံနှင့်အတူ ဆုရရှိပါက ထောက်ပံ့ငွေကို အသုံးပြုမယ့် အကြမ်းဖျဥ်း ငွေကြေးသုံးစွဲဖို့လျာထားတဲ့ စာရင်းပါ ပူးတွဲတင်ရမှာပါ။ လျောက်လွှာပိတ်မယ့် ရက်က ဇွန်လ ၁၅ ရက်နေ့ပါ။ အောက်ပါ web site မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။
လျောက်ထားရန် – Deloitte’s Photo Grant 2026

