Open Call : GFX Challenge Grant Program 2026

Open Call : GFX Challenge Grant 2026
Open Call : GFX Challenge Grant 2026



Fujifilm ကင်မရာကနေ ၂၀၂၁ ကစပြီး စီစဥ်တဲ့ GFX Challenge Grant Program ယခုနှစ်အတွက် လျောက်လွှာစခေါ်နေပါပြီ။ ဒီ ထောက်ပံ့ကြေးငွေပေးမယ့် အစီအစဥ်က ဓာတ်ပုံ သို့ ဗီဒီယို project လုပ်နေသူတွေ photographers, filmmakers တွေအတွက် ဖြစ်ပါတယ်။ မှတ်တမ်း project သီးသန့်မဟုတ်ပဲ fine art, theme တခုခု၊ အကြောင်းအရာတခုခုကို ပရောဂျက်လုပ်နေသူ မည်သူမဆို လျောက်လို့ရပါတယ်။ တပုံခြင်းရိုက်ထားတဲ့ပုံတွေ မဟုတ်ပဲ project တခုဖြစ်ရမှာပါ။ 

ဆုအနေနဲ့ Global Grant Awards ၅ ဆု၊ Regional Grant Awards ၁၀ ဆုပေးမှာမို့ အခွင့်အရေးများပါတယ်။ Global Grant Awards ဆုရရင် ပရောဂျက်ဆက်ရိုက်ဖို့ $ 10,000 နဲ့ GFX ကင်မရာ ၁ လုံး၊ lens ၂ လုံးလဲ ငှားပေးမှာပါ။ နောက် mentoring လဲလုပ်ပေးမှာပါ။ Regional အတွက် အရွေးခံရရင်တော့ $ 5,000 နှင့် GFX ကင်မရာ ၁ လုံး၊ လန်းစ် ၂ လုံးငှားပေးပြီး၊ သူတို့ကိုလဲ mentoring လုပ်ပေးမှာပါ။ ဆုရသူတွေ အကုန်လုံးရဲ့ ပရောဂျက်တွေကိုတော့ ကမ္ဘာအနှံ့မှာ ပြိုင်ပွဲတွေလုပ်ပေးဦးမှာပါ။ မည်သူမဆို အသက် ၁၈ အထက် ဆိုလျင် အခမဲ့ လျောက်လို့ရပြီး အရင်လုပ်ဖူးတဲ့ portfolio, project plan, proposal, budget အကြမ်းဖျဥ်းတွေ ရေးတင်ရမှာပါ။

စိတ်မကောင်းစရာတခုကတော့ လျောက်ဖို့ လက်ရှိနေထိုင်တဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာ မပါလို့ မြန်မာပြည်မှာနေနေဆဲသူတွေ လျောက်လို့မရပဲ၊ အခြားနိုင်ငံမှာ တရားဝင် အထောက်အထား တခုခုနဲ့ လက်ရှိနေထိုင်နေသူ (resident of the countries, region) မြန်မာလူမျိုးတွေတော့ အကျုံးဝင်နေပါသေးတယ်။ လက်ရှိ ထိုင်း၊ အန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ တရားဝင်နေနေတယ်ဆိုရင်တော့ အကျုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ လျောက်လို့ရတဲ့ စာရင်းထဲမှာ မြန်မာ၊​ လာအို၊​ ကမ္ဘောဒီယား တော့မပါပါဘူး။ ဖောင်ပိတ်ရက် က August 17 ရက်နေ့ပါ။ 

📝 လျောက်ထားရန် – GFX Challenge Grant Program

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply