ဂန္တဝင် ဓာတ်ပုံဆရာ Stanley Greene ကွယ်လွန်ပြီးနောက်မှာ သူ့ အမှတ်တရပေးအပ်တဲ့ The Stanley Greene Foundation Emerging Photographers Grant က ဒီနှစ်အတွက် လျောက်လွှာခေါ်နေပါတယ်။ ဒီထောက်ပံ့ကြေးက နှစ်တိုင်းလုပ်တာမျိုးမဟုတ်ပါဘူး၊ ၂ နှစ်မှ တခါသာလုပ်တာပါ၊ ဒါကြောင့် ကြုံရခဲသလို ဆုရရင်လဲ ဂုဏ်ယူစရာ ဆုတခုပါ။ လျောက်ထားသူများထဲက finalists စကာတင်ရွေးပြီးနောက်၊ ၁ ဦးထဲကိုသာ ဆုပေးမှာပါ။ ပရောဂျက်ဆက်ရိုက်ဖို့အတွက် ထောက်ပံ့ကြေးငွေ $10,000 ရမှာ ဖြစ်ပါတယ်။
ဒီ ထောက်ပံ့ကြေးကို သတင်းဓာတ်ပုံ၊ မှတ်တမ်းဓာတ်ပုံအမျိုးအစားရိုက်ကူးနေသူ မည်သူမဆို အခမဲ့ လျောက်လို့ရပြီး၊ လျောက်ထားသူဟာ အသက် ၁၈ အထက်ဖြစ်ရပါမယ်။ ၁ ဦးလျင် ပရောဂျက်တခုသာ လျောက်လို့ရမှာဖြစ်ပြီး၊ ရိုက်လက်စပရောဂျက် သို့ မရိုက်ရသေးသော ပရောဂျက်ကို အရင် portfolio ပုံများဖြင့်လျောက်လို့ရပါတယ်။ ရိုက်မည့် ပရောဂျက် အကြောင်း၊ ရိုက်မည့်အစီအစဥ် နှင့် ဓာတ်ပုံ ၂၅ ပုံ ထက်မကျော်တဲ့ ရိုက်လက်စ သို့ ရိုက်ဖူးတဲ့ ဇာတ်လမ်း ပြပြီးလျောက်ထားရမှာပါ။ AI သုံးထားသော ပုံများ လက်မခံလို့ရေးထားပါတယ်။ ဖောင်ပိတ်ရက်က 2nd July ဖြစ်ပါတယ်။
လျောက်ထားရန် – The Stanley Greene Foundation Emerging Photographers Grant

