The Tom Stoddart Award

The Tom Stoddart Award

The Tom Stoddart Award ဓာတ်ပုံစာအုပ်ထုတ်ပေးမယ့် grant ခေါ်နေတာရှိပါတယ်။ ဆုရသူ ဓာတ်ပုံသမား ၁ ယောက်ကို Gost Books စာအုပ်တိုက်ကနေ ထုတ်ပေးမှာပါ။ ကွယ်လွန်သူ ဓာတ်ပုံသတင်းထောက် Tom Stoddart အထိမ်းအမှတ် အနေနဲ့ လုပ်တဲ့ ဆုဖြစ်ပါတယ်၊ သူဟာ ၂၀၂၁ မှာ ကွယ်လွန်ပြီး သူကွယ်လွန်ပြီးနောက်ပိုင်းမှာ Ian Parry ဆုနဲ့ တွဲပြီး ဓာတ်ပုံစာအုပ်ထုတ်ခွင့်ဆု စလုပ်တာဖြစ်ပါတယ်။

လျောက်မယ်ဆို ဗြိတိန်ပေါင် ၅၀ ပေးလျောက်ရမှာပါ၊ အသက် ၁၈ အထက်မည်သူမဆို လျောက်လို့ရပါတယ် အခြားကန့်သတ်ချက်မရှိပါဘူး။ ဓာတ်ပုံ ၄၀ အထိ အများဆုံးတင်လို့ရပါတယ်၊ စာအုပ်ထုတ်လိုတဲ့ ပရောဂျက်က ပုံတွေဖြစ်ရပါမယ်။ သတင်းဓာတ်ပုံနှင့် မှတ်တမ်းဓာတ်ပုံ အမျိုးအစားဖြစ်ရမှာပါ။ AI နှင့် စာနယ်ဇင်းကျင့်ဝတ်ကျော်ပြီး ပြုပြင်ထားတဲ့ပုံတွေ ပြိုင်လို့မရပါ။ ၁ ယောက်ပဲရွေးမှာဖြစ်ပြီး ဆုရရင် ပေါင် ၅၀၀၀ နှင့် ဓာတ်ပုံစာအုပ်ထုတ်ခွင့်ရမှာပါ။ စာအုပ်ပုံနှိပ်မယ့် အီတလီနိုင်ငံ၊ ဗာရိုးနာ မြို့ကိုလဲ စာအုပ် အကြမ်းထုတ်ထားတာကြည့်ဖို့ စားရိတ်ငြိမ်းလဲ သွားရမှာဖြစ်ပါတယ်။ နောက်ဆုံးလျောက်ရမယ့် ရက်က စက်တင်ဘာလ ၁ ရက်​နေ့ဖြစ်ပါတယ်။

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply