AAC : Portfolio Review

AAC : Portfolio Review

All About Curating က လစဉ်ခေါ်တဲ့ portfolio review လေး တခုရှိပါတယ်။ တကယ်လို့ ကိုယ့် portfolio ပြချင်တယ်ဆို အခမဲ့လျောက်လို့ရပါတယ်။ အရွေးခံရရင် artist Mahzabin Haque နဲ့ ၁ နာရီကြာ ဆွေးနွေးခွင့်ရမှာပါ။ Mahzabin Haque က ကျွန်တော့် သူငယ်ချင်းပါပဲ သူရန်ကုန်ကို ၂၀၁၅ တုန်းက လာလည် ပရောဂျက်တခုလာရိုက်ဖူးပါတယ်။ အဲဒီတုန်းက သူကိုယ်တိုင်လုပ်တဲ့ ကဗျာနှင့် ဓာတ်ပုံရောထားတဲ့ zine လေးလဲ လက်ဆောင်ပေးခဲ့သေးတယ်။ သတင်းဓာတ်ပုံ portfolio သမားတွေလျောက်ဖို့ မတိုက်တွန်းပါဘူး။ reviewer ဆရာမက fine art ဖက်ပို့သွားသူမို့ မှတ်တမ်းဓာတ်ပုံကိုမှ အနုပညာဖော်ပြချက်အရော၊ မီဒီယမ်အရော နဲ့ curator တွေလျောက်ဖို့ ပိုအားပေးပါတယ်။ 

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply