W. Eugene Smith Grant 2025

W. Eugene Smith Grant 2025
Adriana Loureiro Fernández, 2024 W. Eugene Smith Fund Grant Recipient

နှစ်စဉ်ပြုလုပ်နေကြ W. Eugene Smith Memorial Fund ရဲ့ မှတ်တမ်းဓာတ်ပုံသမားများ အတွက် ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ် ရှိပါတယ်။ နောက်ဆုံးပေးပို့ရမယ့် ရက်က အောက်တိုဘာလ 5 ရက်နေ့ဖြစ်ပြီး ဒီ ပြိုင်ပွဲပြိုင်ဖို့ အတွက် လျောက်လွှာကြေး အသီးသီးပေးရမှာဖြစ်ပါတယ်။

W. Eugene Smith Grant

ဒီနှစ်မှာ ပထမဆု ရသူက ဓာတ်ပုံပရောဂျက်ဆက်လုပ်ဖို့ ၁ နှစ်စာ ရန်ပုံငွေ USD 30,000 $ ရမှာဖြစ်ပြီး၊ finalist ၂ ဆု အတွက်က တဆုကို 10,000 ရမှာဖြစ်ပါတယ်။ ရိုက်လက်စ ပရောဂျက်က ဓာတ်ပုံ ၄၀ အထိ အများဆုံးတင်လို့ရမှာဖြစ်ပြီး၊ bio, CV နှင့် စာလုံးရေ ၂၀၀၀ ခန့် ပရောဂျက်အကြောင်း၊ ဘာကြောင့် ဒီပရောဂျက်ကို ရိုက်ဖြစ်သလဲ ဆိုတာတွေကို ရေးပေးရမှာဖြစ်ပါတယ်။ လျောက်ထားဖို့ 50 $ ပေးရမှာ ဖြစ်ပါတယ်။

W. Eugene Smith Grant – Student Photographers

ပရောဖက်ရှင်နယ် မဟုတ်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် လုပ်ပေးထားတဲ့ category ဖြစ်ပါတယ်။ အသက် ၁၈ နှစ် နှင့် အထက်ဖြစ်ရမှာဖြစ်ပြီး လက်ရှိကျောင်းတက်နေဆဲ ကျောင်းသား၊ သူ ဖြစ်ကြောင်း ကျောင်းသားကတ် နှင့် ထောက်ခံစာမျိုးပါတင်ပေးရမှာဖြစ်ပါတယ်။ ဓာတ်ပုံ ကျောင်းဖြစ်ရမယ်လို့ တော့ ကန့်သတ်ထားတာမရှိပါဘူး။ ဓာတ်ပုံ ၄၀ နှင့် လက်ရှိ ထောက်ပံ့ကြေးငွေရယူလိုတဲ့ ရိုက်လက်စပရောဂျက်က ဓာတ်ပုံများဖြစ်ရမှာ ဖြစ်ပါတယ်။ လျောက်ထားဖို့ 10 $ ပေးရမှာ ဖြစ်ပါတယ်။

The Howard Chapnick Grant

The Howard Chapnick Grant ကတော့ လူတဦး တယောက်ခြင်းကို ပေးတဲ့ ထောက်ပံ့ကြေးမဟုတ်ပဲ ဓာတ်ပုံနှင့် သက်ဆိုင်တဲ့ သုတေသန၊ ပညာရေး၊ တည်းဖြတ်၊ သင်တန်းကျောင်း၊ ဒေသဖွံ့ဖြိုးရေး တွေကို လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ဒီဆုအတွက်က $ 7,500 ပေးမှာဖြစ်ပါတယ်။ လျောက်ထားဖို့ 25 $ ပေးရမှာပါ။

📋 လျောက်ထားရန် – https://www.smithfund.org

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply