What Have We Done? Exhibition

What Have We Done? Exhibition

World Press Photo ကို 1955 ခုနှစ်မှာ ဒတ်ချ် ဓာတ်ပုံဆရာများ ကနေ အကျိုးအမြတ်မယူသော သတင်းဓာတ်ပုံ အဖွဲ့အစည်း အနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနှစ် 2025 ခုနှစ်မှာတော့ အနှစ် ၇၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ် အနေနဲ့ What Have We Done? လို့ အမည်ပေးထားတဲ့ နှစ် ၇၀ ပြိုင်ပွဲတွေထဲက ဆုရဓာတ်ပုံ ၁၀၀ ကို ထုတ်နှုတ်ပြသမယ့် ဓာတ်ပုံပြပွဲကို Groningen, Johannesburg, နှင့် Dhaka (နိုဝင်ဘာလမှ စတင်ပြမည်) မြို့တွေမှာ စက်တင်ဘာလ ၁၉ ရက်ကနေ အောက်တိုဘာလ ၁၉ အထိ ပြသလျက်ရှိပါတယ်။ ဒီပြပွဲမှာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ တာမွေ ရဲ့ ဓာတ်ပုံလဲ အရွေးချယ်ခံထားရပြီး ပြသလျက်ရှိပါတယ်။

ပြပွဲကြည့်ရှုချင်တယ်ဆို အချိန်နှင့် နေရာကို အောက်ပါ လင့်ခ်မှာ ကြည့်ရှုလို့ရပါတယ်။