Bob and Diane Fund 2025

Bob and Diane Fund 2025

အယ်ဇိုင်းမား နှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia) ရောဂါအကြောင်း မှတ်တမ်း ဓာတ်ပုံရိုက်ကူးနေသူများရှိရင် Bob and Diane Fund ရန်ပုံငွေ ထောက်ပံ့တာ လျောက်လို့ရပါတယ်။ ထောက်ပံ့ကြေးဆိုပေမယ့် ပြောရရင် ပြိုင်ပွဲပါပဲ၊ ၁ ဆုပဲရွေးမှာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်း ဆက်ရိုက်ဖို့အတွက် $ 5,000 USD ဆုရမှာဖြစ်ပါတယ်။ အခြားအကြောင်းအရာ တင်လို့မရပါဘူး အယ်ဇိုင်းမားနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း အကြောင်း ရိုက်ထားတာပဲ ပြိုင်ခွင့်ရှိပါတယ်၊ မည်သူမဆို အခမဲ့ ဝင်ပြိုင်လို့ရပါတယ်။

ရိုက်လက်စ ပရောဂျက်ရှိနေရမှာဖြစ်ပြီး ဓာတ်ပုံ ၁၅ ပုံကနေ ၂၅ ပုံအထိ နှင့် အက်ဆေး အတိုရေးပြီး ပြိုင်ရမှာပါ။ နောက်ဆုံးဖောင်ပိတ်ရက်က စက်တင်ဘာလ ၂၁ ရက်နေ့ပါ။ ကမ္ဘာပေါ်မှာ လူသန်း ၄၄ သန်းကျော်ခန့်ဟာ အယ်ဇိုင်းမား နှင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အယ်ဇိုင်းမား ရောဂါသယ် Bob and Diane အတွက် သူတို့ သမီးက ဒီရောဂါအကြောင်း လူတွေ ပိုပြီး သတိထားမိစေချင်လို့ ဒီ ရန်ပုံငွေထောက်ပံ့ကြေး အစီအစဉ်ကို ဓာတ်ပုံဇာတ်ကြောင်းပြောသူတွေအတွက် ထူထောင်ထားတာလို့ ဆိုပါတယ်။

Photo – Sofie Mathiassen, 2019 Grant Recepient