မြန်မာဓာတ်ပုံသမား သတင်း၊ မှတ်တမ်းနှင့် အနုပညာ ဓာတ်ပုံ ပရောဂျက် ရိုက်ကူးသူများ အတွက် ၂၂ ကြိမ်မြောက် Angkor Photo Workshop တွေ ခေါ်နေပါပြီ။ ပုံမှန်တော့ ဒီ သင်ကြားရေး workshop တွေက Angkor ဓာတ်ပုံပွဲတော်နှင့် တွဲလုပ်ပေမယ့်၊ ခုလာမယ့် အကြိမ်မှာတော့ ရန်ပုံငွေ အခက်အခဲကြောင့် ဓာတ်ပုံပွဲတော်၊ ပြပွဲတွေ မလုပ်ဖြစ်တော့ပဲ၊ ဓာတ်ပုံ ပရောဂျက်ရိုက်ကူးမှု သင်ကြားရေးသီးသန့် workshop တွေသာ လုပ်မှာလို့ သိရပါတယ်။
မြန်မာနိုင်ငံက မှတ်တမ်း နှင့် အနုပညာ ဇာတ်ကြောင်းပြော ဓာတ်ပုံရိုက်ကူးသူ အသက် ၂၁ နှစ် အထက် မည်သူမဆို အခမဲ့ လျောက်လို့ရပါတယ်၊ အင်္ဂလိပ်လို သင်ကြားမှာဖြစ်လို့ လျောက်ထားသူဟာ ဘာသာစကား ရဖို့လိုအပ်ပါတယ်။ ရွေးချယ်ခံရရင် စီရမ်ရိ၊ ကမ္ဘောဒီးယား နိုင်ငံမှာ ၂၃ – ၃၀ ဇန်နဝါရီ လ အထိ ၁ ပတ် တက်ရမှာပါ။ တက်ရောက်စဥ်ကာလအတွင်းမှာလဲ assignment ဓာတ်ပုံပရောဂျက် ရိုက်ကူးရမှာပါ။ သင်ကြားပေးမယ့်ဆရာတွေကတော့ Antoine D’Agata, Sean Lee နှင့် Veejay Villfranca တို့ ၃ ဦးဖြစ်ပါတယ်။ ဒီဆရာတွေဟာ Magnum Photo နှင့် အခြား နာမည်ကြီး ဓာတ်ပုံ၊ မဂ္ဂဇင်းတွေက တည်းဖြတ်ဆရာတွေ၊ အတွေ့အကြုံများသူတွေပါ။ ရွေးချယ်ခံရသူဟာ သင်တန်း အခမဲ့ တက်ရောက်ခွင့်ရပေမယ့် ဗီဇာကြေး၊ လေယာဥ်၊ စားသောက်စားရိတ် စတာတွေကိုတော့ ကိုယ်တိုင် အကုန်အကျခံရမှာ ဖြစ်ပါတယ်။ လျောက်ထားမယ်ဆို အောက်ပါ ဖောင်ကနေ လျောက်ထားနိုင်ပါတယ်၊ ဖောင်ပိတ်ရက်က နိုဝင်ဘာလ ၁၅ ရက်နေ့ပါ။
လျောက်ထားရန် – 22nd Angkor Photo Workshops 2027 – Myanmar





