Open Call: The Vital Impacts Environmental Photography Fellowships 2027

Open Call: The Vital Impacts Environmental Photography Fellowships 2027
Whitney Snow (Blackfeet Nation, Montana) | Madonna Thunder Hawk Fellowship Recipient

သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် တောရိုင်းတိရိစ္ဆာန်များအကြောင်း နှစ်ရှည် မှတ်တမ်းဓာတ်ပုံရိုက်ကူးသူများအတွက် The Vital Impacts Fellowship and Mentorships နှင့် ထောက်ပံ့ကြေးလျောက်ထားဖို့ခေါ်နေတာ ရှိပါတယ်။ ပထမဆု ပရောဂျက်ဆက်ရိုက်ကူးရန်အတွက် ပထမဆု The Dr. Jane Goodall Environmental Photography Fellowship အတွက် USD 20,000 $ နှင့် အခြား fellowship ၆ ဆုအတွက် တဆုကို 5,000 $ ပေးအပ်မှာဖြစ်ပါတယ်။ နောက် ပရောဂျက်ရိုက်ကူးမယ့် 2027 တနှစ်စာအတွက်လဲ editors တွေနဲ့ 1-on-1 mentorship သင်ကြားပေးဦးမှာပါ။  

လျောက်ထားဖို့အတွက် သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထဲမှာ နေထိုင်တဲ့ လူမျိုးစု နှင့် တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ဓာတ်ပုံ ပရောဂျက် မျိုးရိုက်လက်စရှိနေရမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးသူဟာ သူနေထိုင်တဲ့ ပတ်ဝန်းကျင်၊ သူနေထိုင်ရာ နိုင်ငံအတွင်းက အကြောင်းအရာကိုပဲ ရိုက်ကူးသူဖြစ်ရမှာပါ၊ အခြား နိုင်ငံတွေမှာ ရိုက်ကူးထားတဲ့ ပရောဂျက် မဖြစ်ရလို့ ကန့်သတ်ထားပါတယ်။ မည်သူမဆို လျောက်ထားနိုင်ပေမယ့် လျောက်ခ 25 $ ပေးရမှာပါ။ ကျွန်တော်တို့ နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံကဆို အခမဲ့လျောက်နိုင်ဖို့ ဖြေလျော့ပေးရန် အခမဲ့ code ရဖို့ စာရေးသားပေးပို့ပြီး တောင်းဆိုလို့ရပါတယ်။ ဖောင်ပိတ်ရက်က နိုဝင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး၊ ဆုရသူများကို နောက်နှစ် ဇန်နဝါရီလ မှာ ကြေငြာမှာပါ။

📝 လျောက်ထားရန် – The Vital Impacts Environmental Photography Fellowships and Mentorships

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply