Mobile photography training ကာလ ကတည်းက အမေးများပြီး အားလုံး စောင့်မျှော်နေကြတဲ့ ပြိုင်ပွဲတစ်ခု ပြန်လာပါပြီ။
မင်္ဂလာပါ ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီပြိုင်ပွဲမှာ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကတဆင့် ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။
LGBTQ တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ နဲ့ ကာကွယ်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်သွားမယ့် ယခုပြိုင်ပွဲကို အသက် ၁၈ နှစ် မှ ၄၅နှစ် အတွင်းရှိသူ မြန်မာနိုင်ငံသား ၊ LGBTQ အရေး ကာကွယ်မြှင့်တင်ပေးမှု အခန်းကဏ္ဍတွင် စိတ်ပါဝင်စားသော LGBTQတွေ အပြင် အခြားသော လူပုဂ္ဂိုလ်များပါ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
ပြိုင်ပွဲဝင်များ အနေနှင့် မိုဘိုင်းဖုန်းကင်မရာ ကိုသာ အသုံးပြုရိုက်ကူးရမှာ ဖြစ်ပြီး single photo အမျိုးအစား (သို့မဟုတ်) photo essay အမျိုးအစား စသဖြင့် ရွေးချယ်ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ စည်းကမ်းချက်တွေကို အောက်က ပုံတွေမှာ သေချာလေး ဖတ်ကြည့်ပေးဖို့ တိုက်တွန်းပါရစေနော်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
နောက်ပြီး ဆုကြေးအနေနဲ့
ပထမဆု – ထိုင်းဘတ် ၂၅,၀၀၀
ဒုတိယဆု – ထိုင်းဘတ် ၁၅,၀၀၀
တတိယဆု – ထိုင်းဘတ် ၈,၅၀၀
နှစ်သိမ့်ဆု အနေနဲ့ ထိုင်းဘတ် ၂,၅၀၀ ကို (၂) ဆု စသဖြင့် အသီးသီး ချီးမြှင့်ပေးသွားမှာပါ။
တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram @hellotobestie (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ မေးမြန်းမှု များပြားနိုင်တဲ့အတွက် အချိန်ကြန့်ကြာမှု အနည်းငယ်ရှိနိုင်တာကိုလည်း ကြိုတင်မေတ္တာရပ်ခံပါရစေေနော်။
Google form link: https://forms.gle/3ktjPhQ2XXz5r5VB7





