အမေရိကန်အခြေစိုက်၊ တောင်ကိုရီးယား နွယ်ဖွား သတင်းဓာတ်ပုံဆရာမ Yunghi Kim ကနေ ကမကထ လုပ်ထူထောင်ထားတဲ့ The Yunghi Kim grant ဒီနှစ်အတွက်ခေါ်နေပါပြီ။ အရင်နှစ်တွေကတော့လဲ လုပ်နေကြပေမယ့် အရင်နှစ်တွေက ဒေါ်လာ ၅၀၀ လားပဲ ပေးတာရယ်၊ နောက် ဒီဟာက ပုဂ္ဂိုလ်တဦးတယောက်ကပဲ တပိုင်တနိုင်စီစဉ်ပေးတာကြောင့် အမေရိကန်ဖက်က စတိုရီတွေအများစုပဲ ထောက်ပံ့ကြေးရလေ့ရှိတာကြောင့် အရမ်းကြီးတော့ ကျွန်တော့်အနေနဲ့ သတင်းမျှတာမျိုးသိပ်မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ ရန်ပုံငွေ 27,000 USD ရှိထားပြီး သတင်းဓာတ်ပုံသမား ၉ ယောက်ကို တယောက် 3,000 ပေးမယ့် ထောက်ပံ့ကြေးမို့ ဒီနှစ်ကတော့ ထူးခြားပါတယ်။
ဒီထောက်ပံ့ကြေးကို မည်သူမဆို အခမဲ့ လျောက်လို့ရပါတယ်၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက်ဖြစ်ရမှာဖြစ်ပြီး တိုက်ပိုင် သတင်းထောက်မဖြစ်ရပါဘူး၊ ကျောင်းတက်နေဆဲ သို့ fellowship ရရှိထားသူမဖြစ်ရဘူးလို့ ဆိုပါတယ်။ လျောက်ထားဖို့အတွက် စာလုံးရေ ၃၀၀ အောက်ရှိတဲ့ မိတ်ဆက်နှင့် မိမိ ဘာအကြောင်းအရာရိုက်ကူးနေတယ်ဆိုတာကို အီးမေးလ်ပို့ရမှာပါ၊ နောက် မိမိရဲ့ portfolio သို့ project ရှိတဲ့ အွန်လိုင်း link ပေးရမယ်လို့ဆိုပါတယ်။ အသေးစိတ် အကြောင်းအရာများကိုတော့ သူ့ blog မှာ ဖတ်ဖို့ တိုက်တွန်းပါတယ်။ လျောက်လွှာပိတ်မယ့်ရက်ကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့ဖြစ်ပြီး ကြေငြာမယ့်နေ့ကတော့ ခရစ်စမတ်နေ့ ၂၅ ရက်နေ့မှာ ကြေငြာမယ်လို့ ပြောပါတယ်။


