Open Call : New York Portfolio Review 2026

New York Portfolio Review
New York Portfolio Review

New York Times သတင်းစာရဲ့ ဓာတ်ပုံဌာနက စီစဉ်ပြုလုပ်တဲ့ ဓာတ်ပုံသမားတွေအတွက် New York Portfolio Review 2026 အတွက် စခေါ်ပါပြီ။ ဒီ အစီအစဉ်ကို NYT က ဓာတ်ပုံဌာနက ဝါရင့် ဓာတ်ပုံအယ်ဒီတာ James Estrin ကနေ စီစဉ်ပြီး Photoville နှင့် the Craig Newmark Graduate School of Journalism တို့က ပါဝင်ပူးပေါင်းထားပါတယ်။ ဒီ portoflio review အစီအစဉ်ကလဲ နာမည်ကြီးဖြစ်ပြီး အရင်က in-person New York မြို့တော်မှာ နေသူတွေလောက်သာ လျောက်ခွင့်၊ တက်ခွင့်ရတာကနေ ဒီဖက်နှစ်တွေမှာ လူတွေ့တင်မက၊ အွန်လိုင်း review ပါ လုပ်ပေးလာတာဖြစ်လို့ ကမ္ဘာအနှံ့က သတင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ အတွက် အခွင့်အရေးကြီးတခုဖြစ်ပါတယ်။

ဒီ portfolio review ကို မည်သူမဆို လျောက်လို့ရပါတယ်၊ အခမဲ့ဖြစ်ပြီး လျောက်ထားသူတွေထဲကမှ လူရွေးခေါ်မှာပါ။ ရိုက်နေတဲ့ ပရောဂျက်ထဲက ဓာတ်ပုံ ၁၀ ပုံကို ၁၅၀၀ px အများဆုံးနှင့် 72 DPI ထားပို့ပေးရမှာပါ။ ဓာတ်ပုံဆရာတဦးကို ပရောဂျက်တခုနှင့် လျောက်လွှာတစောင်ပဲ လျောက်ရမှာပါ။ လျောက်ထားတဲ့အခါ ဒီနှစ်အတွက် ဖော်ပြထားတဲ့ reviewers အများကြီးထဲကမှ ကိုယ်ဆန္ဒရှိတဲ့ reviewer ၁၅ ယောက် အထိ နာမည်ရေးထည့် လျောက်လို့ရပါတယ်။ ပုံမှန်အတိုင်းပဲ ရွေးချယ်တဲ့ အဖွဲ့အနေနဲ့က လျောက်ထားသူ အဆိုပြုထားတဲ့ ထဲက ၄ ယောက်ကို သူတို့ဖာသာရွေးပြီး ပြန်ချပေးမှာဖြစ်ပါတယ်။ Reviewer ၄ ယောက်မှာမှ ၁ ယောက်ကို မိနစ် ၂၀ ခန့် အွန်လိုင်းကတွေ့ခွင့်ရပြီး သူတို့ က ဝေဖန် အကြံပေးမှာပါ။ လျောက်ထားဖို့အတွက် ဖောင်ပိတ်ရက်နောက်ဆုံးက ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်ပါတယ်။ အသေးစိတ်ကို အချက်အလက်များနှင့် online reviewers များ အမည်စာရင်းကို အောက်ပါ web site မှာ ဖတ်ရှုနိုင်ပါတယ်။

📋 လျောက်ထားရန် – New York Portfolio Review 2026