ကင်မရာထုတ်လုပ်သူ Hasselblad ကုမ္ပဏီကနေ ၂ နှစ်တခါ ကျင်းပတဲ့ Hasselblad Masters 2026 ဆုအတွက် ပြိုင်ပွဲ ခေါ်နေပါတယ်။ Category ၇ ခုရှိပြီး landscape, architecture, portrait, street, art, project//21 နှင့် wild life ဆိုပြီး ရှိပြီး category တိုင်းကို ဆုအနေနဲ့ Hasselblad X2D II 100C camera နှင့် XCD မှန်ဘီလူး ၂ ခုရမှာပါ၊ နောက်ပရောဂျက်ဆက်ရိုက်ဖို့ ယူရို 5,000 လဲရမှာပါ။ ဆုရပုံတွေကို ဓာတ်ပုံစာအုပ်လဲ ထုတ်ပေးမယ်လို့ဆိုပါတယ်။
ဒီပြိုင်ပွဲကို မည်သူမဆို၊ အခမဲ့ပြိုင်လို့ရပါတယ်။ ဓာတ်ပုံတွေက Hasselblad ကင်မရာနဲ့ရိုက်ထားတာဖြစ်ဖို့မလိုပါဘူး။ ဖုန်းကင်မရာ၊ တက်ဘလက်၊ ဒရုန်း နှင့်ရိုက်ထားတဲ့ပုံတွေတော့ လက်မခံဘူးလို့ဆိုပါတယ်၊ နောက် အခြားပြိုင်ပွဲတွေမှာ ဆုရပြီးသား ဓာတ်ပုံတွေလဲ ပြိုင်ခွင့်မရှိဘူးလို့ဆိုပါတယ်။ ဒီ category ထဲကမှ Project//21 က အသက် ၂၁ အောက် ဓာတ်ပုံသမားတွေရိုက်ထားတာ သီးသန့်ပြိုင်ရတာမို့ လူငယ် ဓာတ်ပုံဆရာတွေအတွက်လဲ အခွင့်အလမ်းရှိပါတယ်။ ပြိုင်ပွဲအတွက်ပုံတွေကို ဒီဇင်ဘာလ ၁၆ ကနေ စလက်ခံနေပြီး၊ ဖေဖော်ဝါရီလ ၂၀၂၆ မှာ ဖောင်ပိတ်မှာပါ။ ဆုကိုတော့ ဧပြီ ၂၈၊ ၂၀၂၆ မှာ ကြေငြာမှာပါ။
အသေးစိတ်ကို Hasselblad Masters 2026 မှာ ဖတ်ရှုနိုင်ပါတယ်။

