Docuteller အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ပုံရိုက်ကူးသူများ နှင့် visual storytellers များ အတွက် အရေးပေါ် အခြေအနေတွင် လိုအပ်သော အကူအညီများရနိုင်ရန် တတ်နိုင်သည့်ဘက်မှ ကူညီလျက်ရှိပါသည်။ လက်ရှိအခြေအနေတွင် Docuteller အဖွဲ့ အနေဖြင့် အောက်ပါ အကူအညီများကို လက်ရှိ ကူညီလျက်ရှိပါသည်။
Psychosocial Counseling
လက်ရှိ အကျပ်အတည်းကာလတွင် ဓာတ်ပုံ သမားများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စိတ်ဖိစီးမှုများ ခံစားနေရပါလျင် Docuteller အဖွဲ့မှ နှစ်သိမ့်ဆွေးနွေးပေးနိုင်သော ပညာရှင်များဖြင့် ချိတ်ဆက်ပေးလျက်ရှိပါသည်။ ဓာတ်ပုံသမားများအနေဖြင့် ၁ ဦးချင်းစီသီးသန့် အွန်လိုင်းမှတဆင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများသက်သာစေရန် ကူညီပေးနိုင်သော ပညာရှင်ဖြင့် အခမဲ့ ဆွေးနွေးနိုင်ရန် ကူညီချိတ်ဆက်ပေးလျက်ရှိပါသည်။ အကူအညီလိုအပ်သူများ အနေဖြင့် အယ်ဒီတာအဖွဲ့ထဲသို့ မေးလ်ပို့ အကူအညီတောင်းခံနိုင်ပါသည်။
Online Data Storage
Docuteller အနေဖြင့် ပြည်တွင်းမှ ဓာတ်ပုံသမားများ အနေဖြင့် ဒေတာများ ပျက်ဆီးနိုင်သော အန္တရာယ်ရှိသော အခြေအနေ ရှိနေခြင်း၊ အရေးပေါ်နေရာရွှေ့ပြောင်းရန်လိုအပ်ခြင်း၊ အနုပညာလက်ရာဖန်တီးမှုများကြောင့် အဖမ်းအဆီးခံရနိုင်ခြေရှိပြီး အရေးပေါ် back up ဒေတာ များ အွန်လိုင်းမှတဆင့် သိမ်းဆည်းထားလိုပါက online file storage အနေဖြင့် ၁ ဦးလျင် 5 GB ပမာဏ ရှိသော အွန်လိုင်း ဆာဗာဖြင့် ဖိုင်များ တင်ထားနိုင်ရန် ၁ နှစ်စာ ကူညီလျက်ရှိပါသည်။ အကယ်ရွှေ့ ဓာတ်ပုံသမားအနေဖြင့် 5GB ထက်ပိုသော ပမာဏလိုအပ်ပါကလည်း အယ်ဒီတာ အဖွဲ့ကို မေးလ် ပို့ အကူအညီတောင်းခံနိုင်ပါသည်။
✉️ လျောက်ထားရန်ဖောင် – https://forms.gle/E1DYs9LyfbDZhmHF7