Posted inSafety
အရေးပေါ်အခြေအနေတွင် သိထားသင့်သော Fight-or-flight နှင့် OODA စက်ဝိုင်း
ဒီတခေါက်တော့ ဓာတ်ပုံအကြောင်း မဟုတ်ပဲ စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ဘယ်လို အတတ်နိုင်ဆုံး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကို လျော့ချနိုင်မလဲဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံမှာက လက်ရှိမှာ စစ်ဘေးဒဏ်ကော၊ သဘာဝဘေးဒဏ်တွေကော ဆက်တိုက်ကြုံနေရတာမို့ အသက်အန္တရာယ်နီးတဲ့ အချိန်ဘယ်လို သတင်းအချက်အလက်နဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်လေ့လာ ခဲ့ရသလောက် ပြန်မျှဝေမှာပါ။
