2026 Anja Niedringhaus Courage in Photojournalism Award

2026 Anja Niedringhaus Courage in Photojournalism Award
2026 Anja Niedringhaus Courage in Photojournalism Award

ဂျာမန် သတင်းဓာတ်ပုံဆရာ Anja Niedringhaus အမှတ်တရ သတင်းဓာတ်ပုံဆု အတွက်လျောက်လွှာတွေ ခေါ်နေပါပြီ။ Anja ဟာ ဓာတ်ပုံ သတင်းထောက်အနေနဲ့ ဘောစနီးယား၊ အီရတ်၊ အာဖဂန်နစ်စတန် စတဲ့ နိုင်ငံတွေက စစ်ပွဲတွေမှာ သတင်းဓာတ်ပုံ၊ လူထုတွေရဲ့အခြေအနေတွေကို ရိုက်ကူးခဲ့သူတယောက်ပါ။ သူမဟာ ၂၀၁၄ မှာ အာဖဂန်နစ်စတန် က မြို့တမြို့မှာ သတင်းရယူဖို့ ခရီးထွက်လာစဉ် ရဲတပ်သားသေနတ်သမားက ကားကို ပစ်ခတ်တိုက်ခိုက်တာကြောင့် ကွယ်လွန်ခဲ့ပါတယ်။

ဒီဆုက သူမ ကွယ်လွန်ပြီးနောက် အထိမ်းအမှတ်တခုအနေနဲ့လုပ်တာဖြစ်ပြီး အမျိုးသမီး၊ အမျိုးသမီးဟု ခံယူထားသူများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ဆုကြေးအနေနဲ့ $20,000 ဆုပေးမှာဖြစ်ပြီး ဆု ၁ ဆုပဲ ပေးမှာ ဖြစ်ပါတယ်။ ဒီဆုကို International Women’s Media Foundation က ဦးစီး ကျင်းပပါတယ်။ ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ရိုက်ထားတဲ့ သတင်း၊ မှတ်တမ်းဓာတ်ပုံ ၁၂ ပုံ တင်ပြီးပြိုင်ရမှာပါ။ ဓာတ်ပုံအပြင် ဇာတ်လမ်းအကြောင်းအရာစာသားလဲ တင်ရမှာပါ။ မည်သူမဆို အခမဲ့ ပြိုင်လို့ရပြီး ဒီလ March 31 ရက် နောက်ဆုံးတင်ရမှာမို့ ရက်တော့ ကပ်နေပါပြီ။ သူမ အကြောင်း စိတ်ဝင်စားရင်တော့ DW Documentary ဌာနက ရိုက်ထားတဲ့ မှတ်တမ်း ဗီဒီယိုကို အောက်မှာ ကြည့်လို့ရပါတယ်။

📋 လျောက်ထားရန် – 2026 Anja Niedringhaus Courage in Photojournalism Award

Images of war – The legacy of photographer Anja Niedringhaus | DW Documentary

https://www.youtube.com/embed/JypsVh6iAtM?si=x8eC7ToSTN8s04Kj



Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply