Open Call : The Foundry Photojournalism Workshops 2026

Open Call : The Foundry Photojournalism Workshops 2026
Foundry Photojournalism Workshop International 2026 | Photograph by Simona Supino

Foundry Photojournalism Workshop ကနေ 2026 အတွက် သင်တန်းသားများစခေါ်နေပါပြီ။ ဒီသင်တန်းဟာ သတင်းနှင့် မှတ်တမ်း ဓာတ်ပုံလောကမှာ နာမည်ရှိတဲ့ သင်တန်းဖြစ်ပြီး နှစ်စဉ် အခမဲ့ ဝါသနာပါသူ မျိုးဆက်သစ် ဓာတ်ပုံသမားများအတွက် လုပ်ပေးနေတာပါ။ သင်မယ့် ဆရာများကလဲ နာမည်ကြီး ဓာတ်ပုံသမား၊ အယ်ဒီတာတွေဖြစ်ပြီး သိသင့်တဲ့ အခြေခံ ပညာရပ်တွေကို ၂ လတာ ကာလအတွင်း သင်ပေးမှာပါ။ ဒီနှစ်မှာ G20 နှင့် အခွင့်အလမ်းနည်းပြီး၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံက သင်တန်းသားတွေကို ဦးစားပေးခေါ်မယ်လို့ ပြောပါတယ်။

သင်တန်းကို Arabic, Bengali, Bosnian, Croatian, English, Farsi, French, Hindi, Kurdish, Portuguese, Serbian, and Spanish ဘာသာစကားတွေနှင့် သင်မှာပါ။ English စာ အတော်အသင့် နားလည်၊ ပြောနိုင်တယ်ဆို တက်လို့ရပါတယ်။ မည်သူမဆို လျောက်လို့ရပြီး ရွေးချယ်ခံရမှ တက်လို့ရမှာပါ၊ ကိုယ်ရေးအကျဉ်းနှင့် portfolio ပုံတွေ တင်ပေးရမှာပါ။ အွန်လိုင်းကနေ တက်ရမှာဖြစ်ပြီး မတ်လ နှင့် ဧပြီလ ထဲမှာ အတန်းတွေတက်ရင်း ကိုယ့်ဖာသာ ပရောဂျက်ရိုက်ရမှာပါ၊ မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ အထိ ၃ ရက်တာမှာတော့ သင်တန်းသားတွေရဲ့ project presentation နဲ့ graduation ပွဲလုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Foundry Photojournalism Workshop ရဲ့ 2012 သင်တန်းသားမို့ ဒီသင်တန်းက သတင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးသူတွေ အတွက် အကျိုးရှိကြောင်း အာမခံပါတယ်၊ ပရောဂျက်ကာလ အဆုံးမှာ portfolio review တွေလဲ စီစဉ်ပေးပါတယ်။ လျောက်မယ်ဆို ဖေဖော်ဝါရီလ ၁၂ က နောက်ဆုံး ဖောင်ပိတ်ရက်ပါ။ အသေးစိတ်ကို အောက်ပါ web site မှာ ဝင်ဖတ်ပေးပါ။

📋 လျောက်ထားရန် – Foundry Photojournalism Workshop