နှစ်စဉ် open call ခေါ်နေကြ The Alexia Grants 2026 အတွက် ခေါ်နေပါပြီ၊ ဒီနှစ်မှာတော့ ထူးခြားက အရင်နှစ်ပေးနေကြ ထောက်ပံ့ကြေးငွေထက် ပိုများပြီး၊ ဆုတွေလဲ အများကြီး ဖြစ်လာတာမို့ တက်သစ်စ ဓာတ်ပုံသမားများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သာမက ဝါရင့်ဓာတ်ပုံဆရာများအတွက်ပါ အခွင့်အလမ်းများပါတယ်။ အဓိက professional တွေအတွက်ပေးတဲ့ The Alexia Vision Grant (professional) ပထမဆု ထောက်ပံ့ကြေးငွေက ဒီနှစ်အတွက် $20,000 နှင့် Sony ကင်မရာနှင့် မှန်ဘီလူးများ ရရှိမှာဖြစ်ပါတယ်။ ဒု၊ တ အတွက် $750 နှင့် $250 ရမှာပါ။
ဒီနှစ်မှာထပ်တိုးလာတဲ့ ဆုတွေက အောက်ပါအတိုင်းပါ –
POP-UP: The Alexia Conservation Grant sponsored by The fStop Foundation: $5,000
အပေါင်းလက္ခဏာဆောင်တဲ့ ဓာတ်ပုံစီးရီးဖြစ်ရမှာဖြစ်ပြီး လူသား နှင့် တောရိုင်းတိရိစ္ဆာန်များ သဟဇာတ ဖြစ်မှု၊ ပြသနာဖြစ်မှုတွေက ကျော်လွှားနိုင်လာတဲ့ အကြောင်းရိုက်ထားတဲ့ ဓာတ်ပုံ စီးရီးကို ဆုပေးမှာပါ။
POP-UP: The Alexia Environmental Change Grant sponsored by James Balog / Earth Vision Institute: $5,000
ဒီဆုကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုကို ဆန်းသစ်တဲ့နည်းနဲ့ ချဉ်းကပ်ထားတဲ့ ဒေသဆိုင်ရာ မှတ်တမ်း ဓာတ်ပုံစီးရီးကိုပေးမှာပါ။
POP-UP: The Alexia Health Grant sponsored by David Sutherland in memory of his wife, Pei Lin Huang: $5,000
ဒီဆုကတော့ ကျန်းမာရေးနှင့် ဆိုင်တဲ့ မှတ်တမ်းဓာတ်ပုံစီးရီးအတွက်ဖြစ်ပြီး အတွင်းကျကျ ရိုက်ကူးတင်ပြနိုင်တဲ့ စီးရီးကို ဆုပေးမှာလို့ဆိုပါတယ်။
ဒီ professional category က လျောက်မယ်ဆို $50 လျောက်လွှာကြေးပေးရမှာပါ။
Student grants
Student grants အတွက်လျောက်မယ်ဆိုရင် လျောက်လွှာကြေးပေးစရာမလိုပါဘူး။ လျောက်ထားသူတွေထဲကမှ အောက်ပါဆုတွေကို ဒိုင်တွေကရွေးမှာဖြစ်ပါတယ်။
The Alexia Vision Grant (student): $2,000 နှင့် Sony ကင်မရာနှင့် မှန်ဘီလူးများရမှာပါ နောက် နာမည်ကျော် The Eddie Adams workshop တက်ခွင့်ရမှာပါ။ ဒု နှင့် တ အတွက် $750 နှင့် $250 ပေးမှာပါ။ သတင်းနှင့် မှတ်တမ်းဓာတ်ပုံ အမျိုးအစားကိုမှ ကမ္ဘာပေါ်က လက်ရှိရင်ဆိုင်နေရတဲ့ ပြသနာတွေ၊ ယဉ်ကျေးမှု၊ အပြောင်းအလဲတွေ၊ လူမှုဘဝတွေ ပုံဖော်ထားတဲ့ ပရောဂျက်တွေ ဝင်ပြိုင်နိုင်ပါတယ်။
POP-UP: The Alexia Conservation Grant sponsored by The fStop Foundation: $1,000
အပေါင်းလက္ခဏာဆောင်တဲ့ ဓာတ်ပုံစီးရီးဖြစ်ရမှာဖြစ်ပြီး လူသား နှင့် တောရိုင်းတိရိစ္ဆာန်များ သဟဇာတ ဖြစ်မှု၊ ပြသနာဖြစ်မှုတွေက ကျော်လွှားနိုင်လာတဲ့ အကြောင်းရိုက်ထားတဲ့ ဓာတ်ပုံ စီးရီးကို ဆုပေးမှာပါ။
POP-UP: The Green Space Grant sponsored by Phil Ashwood: $1,000
ဒီဆုကတော့ လူသားတွေနှင့် အစိမ်းရောင်နယ်မြေတွေ ဥပမာ ပန်းခြံ၊ ဥယာဉ်၊ တောအုပ်၊ စိုက်ခင်း စတာတွေနဲ့ စပ်ဆက်မှု ချိတ်ဆက်မှုတွေ ရိုက်ထားတဲ့ ပရောဂျက်ကို ဆုပေးမှာပါ။
POP-UP: The Alexia Health Grant sponsored by David Sutherland in memory of his wife, Pei Lin Huang: $1,000
ဒီဆုကတော့ ကျန်းမာရေးနှင့် ဆိုင်တဲ့ မှတ်တမ်းဓာတ်ပုံစီးရီးအတွက်ဖြစ်ပြီး အတွင်းကျကျ ရိုက်ကူးတင်ပြနိုင်တဲ့ စီးရီးကို ဆုပေးမှာလို့ဆိုပါတယ်။
POP-UP: The Alexia Sports Grant sponsored by the Sports Media Center at Newhouse, Syracuse University: $1,000
ဒီဆုကတော့ အားကစားနှင့်ဆိုင်တဲ့ အတွင်းရေးတွေကို အတွင်းကျကျရိုက်ကူးထားတဲ့ ဓာတ်ပုံစီးရီး ကိုပေးမှာပါ။
NEW MENTOR GRANTS FOR STUDENTS
MENTOR GRANT: The Alexia Disabilities Mentor Grant with Lynn Johnson: $1,000
ဒီဆုက မသန်စွမ်းတွေနှင့်ဆိုင်တဲ့ ဓာတ်ပုံစီးရီးကို ဆုပေးမှာဖြစ်ပါတယ်။
MENTOR GRANT: The Alexia Education Mentor Grant with Sandra M. Stevenson:$1,000
ဒီဆုကတော့ ပညာရေးနှင့်ဆိုင်တဲ့ ဓာတ်ပုံစီးရီးကို ဆုပေးမှာဖြစ်ပါတယ်။
MENTOR GRANT: The Alexia Environmental Impact Mentor Grant with Whitney Johnson Latorre: $1,000
ဒီဆုကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတွေရိုက်ထားတဲ့ ဓာတ်ပုံစီးရီးကို ဆုပေးမှာပါ။
MENTOR GRANT: The Alexia Human Rights Mentor Grant with Ed Kashi sponsored by CODE^SHIFT at Newhouse, Syracuse University: $1,000
ဒီဆုကတော့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ၊ အကြောင်းအရာတွေ ရိုက်ထားသူကို ပေးမယ့်ဆုပါ။
MENTOR GRANT: The Alexia Portrait Series Mentor Grant with Gregory Heisler: $1,000
ဒီဆုကတော့ concept အတွေးအခေါ်တခုခုနှင့်ရိုက်ထားတဲ့ portrait စီးရီးကို ဆုပေးမှာဖြစ်ပါတယ်။
MENTOR GRANT: The Alexia Visual Innovation Mentor Grant with Stephen Wilkes: $1,000
ဒီဆုကတော့ ရုပ်ပြပိုင်းဆိုင်ရာ ထူးခြားပေါင်းစပ်ဖန်တီးထားတဲ့ မီဒီယမ်အရောလိုမျိုး စီးရီးကို ပေးမယ့် ဆုပါ။
Emerging photographer grant
The Alexia Emerging Photographer Grant sponsored by the VII Foundation in memory of Paul Lowe: Tuition to Level 3 of The Program for Narrative and Documentary Photography in Arles, France, plus accommodation and a per diem.
ဒီဆုကတော့ အပေါ်က Student Grants category လျောက်တဲ့သူတွေထဲကမှ ၁ ယောက်ကို VII Foundation ရဲ့ Level 3 The Program for Narrative and Documentary Photography သင်တန်းကို ပြင်သစ်နိုင်ငံ၊ အားလ်မြို့မှာ နေ၊ စားရိတ်ငြိမ်း တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
သင်ပေးမယ့်ဆရာတွေကတော့ နာမည်ကျော် ဓာတ်ပုံသမားတွေဖြစ်တဲ့ Monica Allende, Philip Blenkinsop, Dr. David Campbell, Jacqueline Farmer, Ziyah Gafic, Gary Knight, Ilvy Njiokiktjien, Fiona Turner and Yonola Viguerie တို့ဖြစ်ပါတယ်။
