PhMuseum ကနေ နှစ်စဉ်လုပ်တဲ့ PhMuseum Photography Grant 2026 အတွက် လျောက်လွှာတွေ ခေါ်နေပါတယ်။ ဒီ grant က အခမဲ့ လျောက်လို့ရတာတော့မဟုတ်ပါဘူး၊ earlybird $38 နှောင်းပိုင်း $46 လျောက်လွှာကြေးပေးရပါတယ်။ လျောက်ထားလာတဲ့ ဓာတ်ပုံ ပရောဂျက်တွေထဲကမှ ပ၊ ဒု၊ တ အနေနဲ့ $5,500; $2,200 နှင့် $1,100 ဆုတွေ အသီးသီးပေးမှာဖြစ်ပြီး new generation ဆိုတဲ့ ဆုအတွက်ကို နောက်ထပ် $2,250 ပေးမှာပါ။
လျောက်ဖို့အတွက် ကိုယ်ရေးအကျဉ်း၊ ပရောဂျက်ရိုက်ထားတဲ့ ပုံ၅ ပုံကနေ ၂၀ အများဆုံးတင်ပေးရမှာပါ။ ဆုရသူတွေကို အီတလီမှာ solo ပြပွဲတွေ လုပ်ပေးမှာဖြစ်ပြီး၊ PhMuseum Lab, Lodz Fotofestiwal, Kranji Foto Festival တွေမှာ လဲ ပြပေးမှာလို့ဆိုပါတယ်။ အသေးစိတ်ကိုတော့ အောက်က web site မှာ ဖတ်လို့ရပါတယ်။
📋 လျောက်ထားရန် – PhMuseum 2026 Photography Grant

