Year End – Photo Contests for Photojournalist / Doc photographers

Year End – Photo Contests for Photojournalist / Doc photographers

၂၀၂၅ ကို မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော်တို့ နှုတ်ဆက်ရတော့မှာဖြစ်သလို ဒီနှစ်အတွင်းမှာ မှတ်တမ်း ဓာတ်ပုံ၊ သတင်းဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဓာတ်ပုံသမားများအတွက် လက်ရှိဝင်ပြိုင်လို့ရမယ့် အထင်ကရ ပြိုင်ပွဲတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။ ဒီထဲက အချို့ ပွဲတွေက ဖောင်ပိတ်ရက် ကပ်နေပြီမို့ ပြိုင်ဖို့ပြင်ဆင်ထားရင် အမြန်တင်ဖို့လိုပါတယ်။

World Press Photo

World Press Photo က မှတ်တမ်း၊ သတင်းဓာတ်ပုံလောကမှာတော့ နာမည်အကြီးဆုံး ဆုတွေထဲက တခုမို့ ရိုက်ထားသူတွေရှိရင်၊ သတင်း၊ မှတ်တမ်းဓာတ်ပုံသမားဖြစ်ကြောင်း သက်သေပြနိုင်ရင် အခမဲ့ ဝင်ပြိုင်လို့ရပါတယ်။ အာရှနှင့် ကျွန်းနိုင်ငံများ ဒေသက ဓာတ်ပုံဆရာတွေအတွက် single ပုံ ၃ ဆု၊ story ပုံ ၃ ဆုနှင့် နှစ်ရှည်မှတ်တမ်းရိုက်ကူးသူဆု ၁ ဆု၊ ပေါင်း ၇ ဆုပေးမှာမို့ အခွင့်အရေးများပါတယ်။ Picture of the Year အရွေးခံရရင် Fujifilm medium-format camera နှင့် ငွေသားဆု ယူရို ၁ သောင်းကျော်ရမှာပါ။ deadline ကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ပါ။

>> World Press Photo

Picture of the Year

Picture of the Year ဆုကလဲ မှတ်တမ်း၊ သတင်းဓာတ်ပုံ လောကမှာ နာမည်ရှိတဲ့ ဆုတခုပါ။ သူက category များတာ သတင်းစာ ပုံနှိပ်တဲ့ layout ဆု၊ portrait, daily news, spot news, sport news နှင့် environmental ဆုတွေလိုတွေ၊ ပေါင်း ၈၃ ခုပါတာမို့ ဆုရဖို့ အခွင့်အရေးများပါတယ်၊ သို့ပေမယ့် WPP လိုတော့ နာမည်သိပ်မကြီးပါဘူး။ နောက် ကျွန်တော့် အမြင်အရ diverse သိပ်မဖြစ်ပဲ အမေရိကန်က ဒိုင်တွေများတာမို့ အမေရိကန် အကြောင်း၊ တောင်အမေရိက ဇာတ်လမ်းတွေသာ ဆုအရများတယ်လို့ထင်ပါတယ်။ သူကတော့ အခမဲ့ မဟုတ်ပဲ $50 ပေးပြိုင်ရမှာပါ၊ ဆုအနေနဲ့က cateogry အချို့ရဲ့ ပထမဆုတွေကိုပဲ $1,000 နှင့် ဆုတံဆိပ်ပေးပါတယ်။ ဖောင်ပိတ်ရက်က ဇန်နဝါရီလ ၁၁ ရက်နေ့ပါ။

>> Picture of the Year

Sony World Photography Awards

Sony ကင်မရာက လုပ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်၊ နှစ်စဉ်လုပ်လေ့ရှိပြီး ဆိုနီ ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံဖြစ်ဖို့ မလိုအပ်ပါဘူး။ Main title ဆုရသူ ၁ ဦး ကိုတော့ 25,000 USD, Sony ကင်မရာ၊ မှန်ဘီလူးတွေနှင့် London မှာလုပ်မယ့် ဆုပေးပွဲကို စားရိတ်ငြိမ်း ဖိတ်မှာပါ။ အခြား category ဆုရသူတွေလည်းတော့ Sony camera မှန်ဘီလူးနှင့် London ကို စာရိတ်ငြိမ်းသွားဆုရယူရမှာပါ။ caetory ၁၀ ခုပါပြီး documentary, environment, wildlife & nature သာမက still life, sport, portrait, perspective, landscape, architecture လို category တွေပါပါတယ်။ အခမဲ့ ပြိုင်လို့ရတာဖြစ်ပြီး ဖောင်ပိတ်ရက်က ဇန်နဝါရီလ ၁၃ ရက်နေ့ပါ။

>> Sony World Photography Awards

Istanbul Photo Awards

Istanbul Photo Awards ကတော့ သတင်းနှင့် မှတ်တမ်းဓာတ်ပုံ သီးသန့်ပြိုင်ပွဲဖြစ်ပါတယ်။ နှစ်စဉ်လုပ်လေ့ရှိပြီး category တိုင်းမှာ single နှင့် Story ဆိုပြီး ခွဲပေးထားပါတယ်။ News, Sports, Nature & Environment, Portrait, Daily Life ဆိုပြီး category ၅ ခုမှာ ၁ ပုံခြင်းပြိုင် သို့ စီးရီး story နဲ့ပြိုင်လို့ရပါတယ်။ ဆုအနေနဲ့က Photo of the Year ဆုရမယ့် ၁ ပုံက 6,000 USD ရမှာဖြစ်ပြီး Cateogry ပ၊ ဒု၊ တ ကတော့ 3,000 USD, 1500 USD, 1,000 USD အသီးသီးရမှာပါ။ ဒီပြိုင်ပွဲလဲ အခမဲ့ပြိုင်လို့ရပါတယ် ဖောင်ပိတ်ရက်က ဇန်နဝါရီလ ၉ ရက်နေ့ပါ။

>> Istanbul Photo Awards

Pride Photo Awards

ဒါကတော့ LGBTQIA+ တွေရဲ့ ဘဝ၊ ဇာတ်လမ်းတွေကို ရိုက်ကူးသူ ဓာတ်ပုံဆရာတွေအတွက်ဖြစ်ပါတယ်။ Single နှင့် Story ဆိုပြီး ရှိပြီး ဆုရသူ ဓာတ်ပုံဆရာများကို တယောက်ကို ယူရို 500 ဆုပေးမှာပါ၊ နောက် Pride Photo 2026 ပြပွဲလုပ်ပြီး ပုံတွေကို အမ်စတာဒမ်မြို့နှင့် အခြား ကမ္ဘာအနှံ့က မြို့တွေမှာ ပြပွဲလုပ်ပေးသွားမှာပါ။ မည်သူမဆို မည်သည့် လိင်စိတ်ခံယူမှု ခံယူထားသူမဆို ပြိုင်လို့ရပါတယ်၊ ဖောင်ပိတ်ရက် က ၂၀၂၅ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးပါ။ ရက်တော့ ကပ်နေပါပြီ။

>> Pride Photo Awards 2026

Seed Award 2026

နယ်သာလန်အခြေစိုက် Prince Claus Fund ကနေ ပြုလုပ်တဲ့ ပွဲဖြစ်ပြီး သတင်း နှင့် မှတ်တမ်းဓာတ်ပုံသမားတွေအတွက် သီးသန့်လုပ်တဲ့ ပွဲမဟုတ်ပဲ practice မတူ၊ မီဒီယမ်အစုံက အနုပညာသမားတွေ အစုံပြိုင်လို့ရပါတယ်။ ဓာတ်ပုံသမားတွေလဲ အကျုံးဝင်တာမို့လျောက်သင့်ပြီး ဒီပြိုင်ပွဲကနေ အနုပညာသမား အယောက် ၁၀၀ ကို ရွေးမှာပါ၊ အရွေးခံရသူတွေကို ကိုယ့်ပရောဂျက်ဆက်လုပ်ဖို့ €5,000 ထောက်ပံ့ကြေးပေးမှာဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ပြိုင်လို့ရပြီး တက်သစ်စ အနုပညာသမားတွေကို ခေါ်တာမို့ အနုပညာလုပ်သက် သက်တမ်း ၅ နှစ်အောက် ရှိသူတွေသာ လျောက်လို့ရပါတယ်။ ဖောင်ပိတ်ရက်က ဇန်နဝါရီလ ၈ ရက်နေ့ပါ။

>> Seed Award 2026

Cortona On The Move / BarTur Grant 2026

BarTur Grant က နှစ်စဉ် ကျင်းပနေကြဖြစ်ပြီး ကမ္ဘာပေါ်က အရေးကြီး လူတွေသိသင့်တဲ့ တိမ်မြုပ်နေတဲ့ အကြောင်းအရာတွေကို မှတ်တမ်း ဓာတ်ပုံရိုက်ကူးသူတွေ အတွက်ပေးတဲ့ ထောက်ပံ့ကြေးငွေဆုပါ။ Professional အတွက်နှင့် emerging အသက် ၃၀ အောက်အတွက်ဆိုပြီး ၂ မျိုးခွဲထားပါတယ်။ Professional အတွက်က ၁ ဆုပဲ ပေးမှာ ဖြစ်ပြီး ကိုယ့်ပရောဂျက်ဆက်ရိုက်ဖို့အတွက် $ 30,000 ပေးမှာဖြစ်ပြီး၊ emerging အတွက် ၂ ဆုက ၁ ဆုကို $ 5,000 ဆီပေးမှာပါ။ ဆုရပြီး ထောက်ပံ့ကြေးငွေနှင့် ဆက်ရိုက်ထားတဲ့ပုံတွေကို Cortona on the Move 2027 ပွဲတော်မှ ပြသမှာဖြစ်ပါတယ်။ ပုံ ၄၀ အထိတင်ရမှာဖြစ်ပြီး တခါမှ public မှာမပြဖူးသေးတဲ့ စီးရီးဖြစ်ရမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲက လျောက်လွှာ ကြေး $ 25 ပေးရမှာပါ။ ဖောင်ပိတ်ရက်က ဧပြီလ ၁၇ ရက်နေ့ဖြစ်ပါတယ်။

>> BurTur Grant 2026

WARS: War and Revolutionary Stories 2025

စစ်ပွဲ၊ စစ်ပွဲရဲ့ အကျိုးဆက်တွေအကြောင်း ရိုက်ကူးသူ ဓာတ်ပုံသမားများ အတွက် လုပ်ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဓာတ်ပုံ ၁၅ ပုံကနေ ၂၀ အထိပြိုင်ရမှာဖြစ်ပြီး category ခွဲထားတာတွေမရှိပါဘူး။ ပထမ ဆုအတွက် Euro 2,000 နှင် ဒု၊ တ အတွက် 1,000 ဆီပေးမှာဖြစ်ပါတယ်။ Long-term project တွေလဲပြိုင်လို့ရပြီး ပုံတွေထဲက ၁၀ ပုံကတော့ အနည်းဆုံး 1 jan 2024 နောက်ပိုင်းရိုက်ထားတာ ဖြစ်ရမယ်လို့ဆိုပါတယ်။ မည်သူမဆို အခမဲ့ ပြိုင်လို့ရပြီး၊ ဖောင်ပိတ်ရက်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်ပါတယ်။

>> War And Revolutionary Stories International Award