The VII Foundation ကနေ 2026 ခုနှစ်အတွက် visual storytelling ကို အသေးစိတ်လမ်းညွှန်သင်ပြပေးမယ့် VII Mentor Program 2026 အစီအစဉ် အတွက် လျောက်လွှာ ခေါ်နေပါပြီ။ ဒီ အစီအစဉ်မှာ အရွေးခံရရင် ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၆ ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၇ အထိ ၁ နှစ်တာ visual storytelling program ကို အွန်လိုင်းကနေ တက်ခွင့်ရမှာပါ။ ကျောင်းသား တယောက်ချင်းစီအတွက် ဆရာ ၁ ယောက်သီးသန့် သတ်မှတ်ထားပေးမှာ ဖြစ်ပြီး ဒီ အတွေ့အကြုံရှိ ဆရာကနေ အသေးစိတ် storytelling အတွက် လမ်းညွှန်ပေးမှာပါ။ ၂၀၂၆ အတွက် သင်တန်းကိုတော့ Ziyah Gafic နှင့် Amber Maitland တို့က ဦးဆောင်မယ်လို့ဆိုပါတယ်။ သင်မယ့်ဆရာတွေက VII Foundation က အတွေ့အကြုံရှိ နာမည်ကျော်ဆရာတွေဖြစ်ပါတယ်၊ လက်ရှိတော့ ဘယ်ဆရာတွေ သင်မယ်ဆိုတာတော့ ကြေငြာထားတာ မတွေ့ရသေးပါဘူး။
ဒီအစီအစဉ်ကို VII Foundation ကနေ 2008 ကစပြီး ကျောင်းသားတွေကို သင်ကြားလာခဲ့တာဖြစ်ပြီး ဒီအတန်းက သင်တန်းသားတွေဟာ The New York Times, TIME, and National Geographic တွေကလို မီဒီယာတွေမှာ ဇာတ်လမ်းတွေ ပုံနှိပ်ခံရဖူးပြီး၊ သင်တန်းသားတွေထဲမှာ World Press Photo နှင့် Pulitzer အခြားဆုတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။
လျောက်ဖို့အတွက်က ဓာတ်ပုံလုပ်သက် ၃ နှစ်အထက်ရှိသူ မည်သူမဆို လျောက်လို့ရပါတယ်။ ပုံနှိပ်ဖော်ပြခံရဖူးတဲ့ ဇာတ်လမ်း ၆ ခုနှင့် portoflio စတိုရီ ပုံ ၃၀ တင်ပြရမှာပါ၊ တပုံချင်း single ပုံတွေ လက်မခံပါတဲ့။ အဓိကကတော့ talented emerging and mid-career professional အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ လျောက်မယ်ဆို ဒီ VII Mentor Program 2026 မှာ အသေးစိတ်ဖတ်ပေးပါ၊ ဖောင်ပိတ်ရက်ကတော့ နိုဝင်ဘာလ 30 ရက်နေ့ဖြစ်ပါတယ်။

