2025 PHMuseum Women Photographers Grant

2025 PHMuseum Women Photographers Grant

PHMuseum ကနေ 2025 ခုနှစ်အတွက် အမျိုးသမီး ဓာတ်ပုံဆရာ များအတွက် ထောက်ပံ့ကြေးပေးဖို့ လျောက်လွှာခေါ်နေတာရှိပါတယ်။ ဒီပြိုင်ပွဲကို အမျိုးသမီး သို့ အမျိုးသမီး ဟုမိမိကိုယ်ကို ခံယူထားသူမည်သူမဆိုပြိုင်လို့ရပါတယ် ပြိုင်ပွဲလျောက်လွှာကြေး $35 ပေးရမှာပါ။ တကယ်လို့ ကိုယ့်ပရောဂျက်အရွေးခံရရင် ဆုအတွက် €10,000 နဲ့ အီတလီ မှာ solo ဓာတ်ပုံပြပွဲပြခွင့်ရမှာပါ။ နောက်ထပ် ပထမဆု (finalist) အတွက် 5,000 ဒုတိယဆု အတွက် 2,000 တတိယဆုအတွက် 1,000 အပြင် မျိုးဆက်သစ် လူငယ်ဆုအတွက် 1,000 ပေးမှာပါ။

အောက်တိုဘာလ ၂ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။ မည်သူမဆို မိမိလုပ်နေတဲ့ မှတ်တမ်း၊ အတွေးအခေါ်၊ သုတေသန၊ စိတ်ကူးယဉ်၊ အနုပညာဖန်တီးချက် စတဲ့ အမျိုးအစား အကြောင်းအရာတွေကို ဓာတ်ပုံနဲ့ စီးရီး လုပ်နေတာမျိုးကို တင်လို့ရပါတယ်။ ဓာတ်ပုံ ၅ ပုံကနေ ၂၀ ကြားတင်ပေးရမှာပါ။

📋 Apple here : https://phmuseum.com/grants/2025-women-photographers-grant