Portfolio review with Gauri Gil

Portfolio review with Gauri Gil

ထိုင်းမှာ နေတဲ့ ဓာတ်ပုံသမားတွေထဲက ခေတ်ပြိုင် အနုပညာကို ဓာတ်ပုံနှင့် ဖန်တီးသူ၊ conceptual သို့ သုတေသနအခြေခံတဲ့ ဓာတ်ပုံ ပရောဂျက်ရိုက်ကူးသူ တွေအတွက် portfolio review အစီအစဉ်တခုရှိပါတယ်။ ဒီအစီအစဉ်ကို Bangkok Art and Culture Centre, Prix Pictet နှင့် ဂျာမန်ယဉ်ကျေးမှု ဌာန တို့က ပေါင်းလုပ်တာဖြစ်ပါတယ်။ အခမဲ့ဖြစ်ပြီး လျောက်ထားရမှာပါ၊ လျောက်လွှာပိတ်ရက်က ဩဂုတ်လ ၂၈ ပါ။ 

ဒီ portfolio review က အွန်လိုင်းမဟုတ်ပါ၊ လူကိုယ်တိုင် တက်ရမှာပါ။ ဘန်ကောက်က Goethe-Institut မှာ တက်ရမှာပါ။ ၆ ယောက်ရွေးမှာဖြစ်ပြီး ၁ ယောက်ကို ၁ နာရီ ဓာတ်ပုံဆရာမ GAURI GIL ကနေ ပရောဂျက်ကို ဝေဖန် အကြံပေးတာတွေလုပ်ပေးမှာပါ။ အရွေးခံရရင်တော့ ဘန်ကောက်မှာ စက်တင်ဘာ ၈ ရက်မှာ လူကိုယ်တိုင် သွားတက်ရမှာဖြစ်ပါတယ်။

Photos – Gauri Gil / Prix Pictet

  • Waterwells, 1999-ongoing
  • Izmat, Barmer, 1999-ongoing
  • Jannat, Barmer, 1999-ongoing
  • Jogiyon ka Dera, Lunkaransar, 1999-ongoing